ပရီးမီးယားလိဂ်သမိုင်းကြောင်း

 English Premier League ဟာ အင်္ဂလိပ်ဘောလုံးလောကမှာ အမြင့်ဆုံးအဆင့်နဲ့ လူကြိုက်အများဆုံး လိဂ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းတွေနဲ့ ကစားသမားအများစုဟာ ပရီးမီးယားလိဂ် မှာ ကစားလျက်ရှိပြီး ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံး၊ စိတ်လှုပ်ရှားမှု အပေးစွမ်းနိုင်ဆုံး အားကစားလိဂ် တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Premier League fixtures 2018/19: When are they released? Who will be on TV  first? | Football | Sport | Express.co.uk

ပရီးမီးယားလိဂ်သမိုင်းကြောင်း

အင်္ဂလန်နိုင်ငံအတွင်းမှာ ၁၈၈၈ခုနှစ်ကတည်းက လိဂ်တွေ ထူထောင်ကာ ဘောလုံးအားကစားကို စတင်ကစားခဲ့သော်လည်း ၁၉၉၂ခုနှစ်ရောက်မှသာ ပထမတန်းလိဂ်ကနေ ပရီးမီးယားလိဂ်အဖြစ် ခွဲထွက်လာခဲ့ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျန်တဲ့လိဂ်တွေဖြစ်တဲ့ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းလိဂ်တွေဟာ EFL Championship, League One, League Two တွေအဖြစ် ထပ်မံခွဲထွက်လာပြန်ပါတယ်။         

စစခြင်းမှာ ထိပ်တန်းအသင်းကြီးတွေကို နာမည်ကြီးအချို့ကပိုင်ဆိုင်ခဲ့ပါတယ်။ David Dein ရဲ့ Arsenal, Martin Edwards ရဲ့ Manchester United, Larving Scholarရဲ့ Tottenham, Noel Whiteရဲ့ Liverpool, Philip Carterရဲ့ Everton စသဖြင့် ပိုင်ဆိုင်ထားကြပြီး အသင်းပိုမိုကြီးမားလာဖို့နဲ့ စီးပွားရေးအကျိုးအမြတ် ပိုမိုရရှိဖို့ ဦးတည်ထားကာ ကြိုးစားတည်ဆောက်လာခဲ့ကြတာပါ။ ယခုအခါမှာတော့ အအောင်မြင်ဆုံးလိဂ်တွေထဲက တစ်ခုဖြစ်နေပြီး ဒါကိုရုပ်သံထုတ်လွင့်မှုနှုန်းနဲ့ကြည့်ရင်ပဲ သိနိုင်ပါတယ်။ ပရီးမီးယားလိဂ်ကို နိုင်ငံ ၂၁၂နိုင်ငံ၊ အိမ်ပေါင်း ၆၄၂သန်း၊ ပရိသတ်အရေအတွက် ၄.၅ဘီလီယံကျော်ကို ထုတ်လွှင့်ပြသနေတဲ့အတွက် ကမ္ဘာအပေါ်မှာလူကြည့်အများဆုံးအားကစားလိဂ်ဖြစ်လာပါပြီ။

ပြိုင်ပွဲဝင်အသင်းများ         

ပရီးမီးယားလိဂ်ရာသီတစ်ခုမှာ ပြိုင်ပွဲဝင်အသင်း ၂၀ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ရာသီမှာတော့ အောက်ပါအသင်းတွေက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။



  • Arsenal
  • Aston Villa
  • Bournemouth
  • Brighton & Hove Albion
  • Burnley
  • Chelsea
  • Crystal Palace
  • Everton
  • Leicester City
  • Liverpool
  • Manchester City
  • Manchester United
  • Newcastle United
  • Norwich City
  • Sheffield United
  • Southampton
  • Tottenham Hotspur
  • Watford
  • West Ham
  • Wolverhampton Wanderers
  • ပြိုင်ပွဲအချိန်စာရင်း

              ပရီးမီးယားလိဂ်ကို သြဂုတ်လမှစတင်ပြီး မေလမှာ ပြိုင်ပွဲအဆုံးသတ်ပါတယ်။ အသင်းတိုင်းဟာ ရာသီတစ်ခုအတွင်း ပွဲ ၃၈ပွဲ ကစားရပြီး ပြိုင်ပွဲတွေကို ပုံမှန်အားဖြင့် စနေနဲ့တနင်္ဂနွေနေ့တွေမှာ ကျင်းပပါတယ်။ အချိန်အားဖြင့် နေ့လည်ခင်းနဲ့ညနေမစောင်းခင်အချိန်ကြားကာလမှာ ကျင်းပပြီး ဒီဇင်ဘာလအတွင်းမှာတော့ ပွဲအရေအတွက်ပိုများပါတယ်။ ဒါကြောင့်ပဲ ဒီဇင်ဘာအတွင်းမှာ ကျင်းပတဲ့ပြိုင်ပွဲတွေဟာ ကျန်တဲ့အချိန်တွေထက် ပိုမိုခက်ခဲလေ့ရှိပြီး ဒီဇင်ဘာအပြီးမှာ ထိပ်ဆုံးရောက်နေတဲ့အသင်းဟာ ရာသီကုန်ချန်ပီယံ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

  • အမှတ်ပေးစည်းမျဉ်း

              Premier League ဟာ အမှတ်စနစ်ကိုအသုံးပြုပြီး ရာသီကုန်ချန်ပီယံသတ်မှတ်တဲ့လိဂ်အမျိုးအစား ဖြစ်ပါတယ်။ အသင်းတိုင်းဟာ ကျန်တဲ့အသင်းတွေကို အိမ်ကွင်း၊အဝေးကွင်း နှစ်ပွဲယှဉ်ပြိုင်ကစားရပြီး ရလာဒ်အပေါ်မူတည်ကာ အမှတ်တွေရရှိပါတယ်။ အနိုင်ရရှိရင် ၃မှတ်၊ ရှုံးနိမ့်ရင် အမှတ်မရရှိပဲ၊ သရေရလာဒ်ဆိုရင်တော့ တစ်သင်းကို တစ်မှတ်ဆီရရှိပါတယ်။ ရာသီကုန်တဲ့အထိ အသင်းတွေဟာ အမှတ်ရရှိဖို့ ကြိုးစားယှဉ်ပြိုင်ရပြီး ဇယားထိပ်ဆုံးအမှတ်အများဆုံးအသင်းဟာ ရာသီကုန်ချန်ပီယံ ဖြစ်လာမှာပါ။ အမှတ်နဲ့ဆုံးဖြတ်တဲ့လိဂ်ဖြစ်တဲ့အတွက် ရာသီမကုန်ခင်မှာပဲ ချန်ပီယံပေါ်ထွက်လာနိုင်ပါတယ်။

  • အမှတ်ပေးဇယား

              ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးအသင်းတစ်ခုတည်းက အကျိုးခံစားခွင့်အကုန် ရရှိတာမျိုးမဟုတ်ပါဘူး။ ရာသီအကုန်မှာ ထိပ်ဆုံးအသင်းလေးသင်းဟာ UEFA ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားခွင့်ရှိပါတယ်။ ဇယားနံပါတ်၅အသင်းဟာ Europa League ကိုဝင်ရောက်ခွင့်ရှိပါတယ်။  English Cup ပြိုင်ပွဲအခြေအနေကို မူတည်ပြီး တစ်ခါတစ်ရံ ဇယားနံပါတ်၆နဲ့ နံပါတ်၇အသင်းတွေပါ ပါဝင်ခွင့်ရရှိပါတယ်။ ဇယားအောက်ဆုံး သုံးသင်းကတော့ တန်းဆင်းရမှာပါ။ ပရီးမီးယားလိဂ်မှာ အသင်းတွေဟာ ထိပ်ဆုံးလေးသင်းစာရင်းမဝင်တောင် အောက်ဆုံးသုံးသင်းစာရင်းမဝင်ဖို့အတွက် မရပ်မနားရေကုန်ရေခန်းကြိုးစားကြတဲ့အတွက် ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တိုင်းဟာ စိတ်လှုပ်ရှားစရာအပြည့်ဖြစ်နေခြင်း ဖြစ်ပါတယ်။

    Ibet168 MYANMAR ONLINE GAME

    ဘောလုံးလောင်းကြေးများကိုယုံကြည်စိတ်ချစွာထည့်သွင်းနိုင်သည် 

Comments