Blackjack လောင်းကစားနည်း



Blackjack ကစားတဲ့အခါမှာ Card Counting လုပ်တတ်တဲ့သူက တစ်ကယ့်ကိုအသာစီးရတာကြောင့် အသုံးဝင်တဲ့ Skill တစ်ခုဖြစ်ပါတယ်။ နိုင်ဖို့အတွက်အခွင့်အရေးကိုအများကြီးတိုးစေမှာပါ။ တစ်ချို့ကတော့ Card Counting ကမဖြစ်နိုင်ဘူးလို့ထင်ကြပေမယ့် Card Counting စလုပ်ဖို့အတွက် လွယ်ကူစေမယ့် အကြံပေးချက်လေးတွေပြောပြချင်ပါတယ်။ တစ်ခုပဲသတိထားဖို့က Card Counting ကို Casino တော်တော်များများနဲ့ အပြင်ကစားဝိုင်းတွေမှာအတော်မုန်းကြပါတယ်။ ဒါကြောင့်ကိုယ်ကတတ်သွားပြီဆိုရင်တောင် စိတ်ထဲကပဲလှုပ်ရှားတက်ဖို့လိုတယ်နော်!

  1. အမြဲတမ်းလိုက်လေ့လာနေပြီးတော့ မှန်ကန်တဲ့ Counting စနစ်ကိုရွေးပါ လူသစ်တွေအတွက် KO နဲ့ Hi-Lo စနစ်တွေက အရမ်းမရှုပ်တဲ့အတွက်သင့်တော်ပါတယ်။ ပိုပြီးယုံကြည်မှုရှိလာတာနဲ့အမျှပိုပြီးအဆင့်မြင့်တဲ့စနစ်တွေကိုဆက်လေ့လာပြီး ပိုကောင်းတဲ့ရလဒ်တွေကိုရယူနိုင်ပါတယ်။
  2. လောင်းကြေးအနည်းငယ်နဲ့သာစပါ Card Counting ကိုလေ့လာတဲ့အခါမှာ လောင်းကြေးနည်းနည်းကိုပဲ Risk လုပ်ပြီးကစားရင် ရှုံးသွားခဲ့ရင်.. ဆိုတဲ့စိတ်ကပ်နေစရာမလိုတော့ပဲနဲ့ Card Counting စနစ်ကိုသေချာလေ့လာနိုင်ပါတယ်။ 1000Ks ဒါမှမဟုတ်အဲ့ထက်လျှော့တင်လို့ရရင်လဲ အဲ့ထက်နည်းတဲ့လောင်းကြေးကိုတင်ပြီးတော့ လေ့ကျင့်ပါ။ အခြေခံ Card Counting စနစ်တွေကို ဖန်တီးပြီးတော့ ကျွမ်းကျင်လာပြီဆိုရင် ဒီစနစ်အတိုင်းပဲသုံးပြီး လောင်းကြေးတွေကိုစတင်ကြည့်ပါ!
  3. ကိုယ့် Budget ကိုယ်ကြည့်ပါ ကစားသူအများစုက Card Counting စနစ်ကိုသုံးပြီးတော့ Counter ပြန်လုပ်ဖို့အတွက် ကိုယ့်စီမှာလောင်းကြေးလုံလုံလောက်လောက်ရှိနေဖို့က အရေးပါတယ်ဆိုတာကိုမသိကြပါဘူး။ ဒီလိုဆိုရင်အရှုံးပွဲတွေကြီးပဲမရင်ဆိုင်ရရင်တောင်မှ ကိုယ့် Bankroll ကတစ်ဖြေးဖြေးနည်းလာမှာပါ။ ဒါကြောင့် ကိုယ်ကစားမယ့်ဝိုင်းမှာ Card Counting စနစ်တစ်ခုနဲ့ တိုက်တော့မယ်ဆိုရင် Bankroll လုံလုံလောက်လောက်ထိန်းတတ်ရပါမယ်။
  4. Hi-Lo Counting ဗျူဟာကို သေချာလေ့လာပါ ဒါနဲ့ဆိုရင် 2 နဲ့ 6 အတွင်း ကဒ်တွေကို 1 လို့မှတ်မယ်။ 7 နဲ့ 9 အတွင်းကဒ်တွေက တန်ဖိုးမရှိဘူး။ 10 တန်ဖိုးရှိတဲ့ကဒ်တွေက -1။ Ace(A) ကဒ်တွေကလဲ -1။ 0 ကနေစပြီးတော့ တန်ဖိုးတွေကိုရည်တွက်သွားပြီးတော့ နောက်ထပ်ကဒ်က အမြင့်ဖြစ်မလား အနိမ့်ဖြစ်မလားဆိုတာကို ခန့်မှန်းလို့ရပါတယ်။
  5. Hi-Lo ဗျူဟာကိုသုံးခြင်းနဲ့ ရေတွက်တာက အပေါင်းလက္ခဏာပြနေတယ်ဆိုရင် လောင်းကြေးတင်ပါ အထူးသဖြင့် +2 နဲ့အထက်ပေါ့။ ပိုပြီး ရေတွက်မှုတန်ဖိုးမြင့်လေလေ ပိုပြီးလောင်းသင့်လေပါပဲ။ တန်ဖိုးမြင့်နေတယ်ဆိုတာက ကျန်တဲ့ကဒ်အုပ်ထဲမှာ တန်ဖိုးများတဲ့ကဒ်တွေကျန်နေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
  6. လက်ထဲမှာရှိတဲ့ကဒ် ၂ကဒ်လုံးကိုစဉ်းစားပါ လက်ထဲမှာ Jack(J) နဲ့ 4 တွေကိုကိုင်ထားမယ်ဆိုရင် တန်ဖိုးတွေက -1 နဲ့ +1 ဆိုတော့ပြန်ကျေသွားတဲ့သဘောပါပဲ။ Card Counting ကသေချာမှတ်မိဖို့နဲ့ ရတဲ့အချိန်အတွင်းမှာအမြန်လုပ်တတ်ဖို့ အရေးကြီးတာကြောင့်မျက်စိရော စိတ်ရောလျင်နေဖို့လိုပါတယ်။
  7. Card Counting လုပ်နိုင်တာကိုထုတ်မပြပါနဲ့ Card Counting တတ်တဲ့သူတွေက လုံးဝမနားပဲနဲ့ကစားပွဲကိုနာရီပေါင်းများစွာကစားလေ့ရှိပါတယ်။ တခြားကစားသူတွေကြားထဲမှာ ထင်ပေါ်မနေပဲနဲ့ အရောဝင်သွားဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကစားပွဲတစ်ခုမှာဝင်ထိုင်တဲ့အခါမှာ ခုမှစကစားတဲ့သူ၊ သိပ်မကစားတတ်တဲ့သူပုံစံမျိုးနဲ့ မှင်နဲ့နေတက်ဖို့လိုပါတယ်။
  8. လောင်းကြေးတင်ဖို့လိုနေရင် လက်ရှိလောင်းကြေးကိုပဲတင်ရင်ပိုကောင်းပါတယ် ကျွမ်းကျင်တဲ့ Dealer တွေကရုတ်တရက်ကြီး လောင်ကြေးမြင့်လာတာမျိုးတွေဆိုရင် Professional ကျကျ Shuffle ပြန်လုပ်ဖို့အတွက် လေ့ကျင့်ထားပြီးသားပါ။ ဒါကြောင့်တင်ချင်ရင် နည်းနည်းစီ ကျပန်းထိုးထိုးပြီး တင်ပြီး Dealer သတိမထားမိအောင်တင်တတ်ရပါမယ်။
  9. ပျော်ပျော်ပဲကစားပြီး ဖြစ်နိုင်တဲ့မျှော်လင့်ချက်မျိုးပဲထားပါ Card Counting ကအနိုင်ရဖို့အတွက် အခွင့်အရေးကိုတိုးစေတယ်ဆိုပေမယ့်လဲ နိုင်ရပါမယ်လို့ အာမခံထားတာမဟုတ်ပါဘူး။ ဒါကြောင့် အနိုင်ပွဲတွေအများကြီးမျှော်လင့်ပြီးဖြစ်မလာခဲ့လို့ ကစားရတာမပျော်တော့ရင် အရှုံးပွဲတွေကြီးပဲရောက်လာတတ်ပါတယ်။
  10. Card Counting ကိုပဲ အနိုင်ရဖို့အတွက်လက်မှတ်တစ်ခုလို အားမကိုးပါနဲ့ ဒါပေမယ့်လဲ စနစ်တစ်ကျသုံးပါ။ အထူးသဖြင့် Hi-Lo စနစ်ကိုပေါ့။ ကစားသူတွေကကိုယ်ကစားပြီးတဲ့ ကစားပွဲတွေအပေါ်မူတည်ပြီး နောက်ပွဲတွေအတွက်ကိုပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်မှာအသေအချာပါပဲ!
အချုပ်ပြောရရင်တော့ ဒီအကြံပေးချက်တွေကို Professional blackjack ကစားသူတိုင်းကပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် Card Counting ကိုစတင်ဖို့အတွက်အခြေခံကတော့ ဒီအချက်တွေပါပဲနော်။ ဒီအကြံပေးချက်တွေကိုလေ့လာပြီးတော့ Blackjack ကစားတဲ့အခါပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်!

Comments