Baccarat လောင်းကြေးတင်ခြင်း


Baccarat ကစားနည်းဟာတော်တော်လေးကို Smart ကျကျနဲ့ဖဲချပ်တစ်ချပ်မှထိစရာမလိုပဲကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားနည်းတစ်ခုပါ။ မြန်မာရော နိုင်ငံအနှံ့အပြားမှာရော James Bond ရဲ့ကစားနည်းလို့လူသိများကြပါတယ်။ နာမည်ကြီး James Bond ဇာတ်လမ်းတွေရဲ့ Casino ရိုက်ခန်းတွေမှာ James Bond အထာကျကျနဲ့ဆော့ခဲ့တဲ့ကစားနည်းဖြစ်လို့ပါ။ ကစားသူက ဖဲချပ်တွေကိုမထိရပဲနဲ့ကို အရမ်းသည်းထိပ်ရင်ဖိုဖြစ်စရာကောင်းတာက ဖြစ်နိုင်တဲ့ရလဒ်၂ခုကို ခန့်မှန်းရတာမို့ပါ။

Banker နိုင်မလား? Player နိုင်မလား?

Baccarat ကိုသေချာကစားဖို့ဆို သတ္တိရှိဖို့တော့လိုတယ်။ ဒါပေမယ့် စည်းမျဉ်းတွေကိုသိထားပြီးတော့ လောင်းကြေးကို Smart ကျကျဘယ်လိုထားရမလဲသိထားရင်တော့ ကိုယ်ကလွှမ်းမိုးနိုင်ဖို့အခွင့်အရေးများမှာပါ။ ဖြစ်နိုင်ချေတွေကိုသိထားပါ Baccarat ဆိုတာတကယ်တမ်းပြောမယ်ဆိုရင် အကြွေစိတစ်ခုကို ခေါင်း၊ ပန်းလှန်ခြင်းကိုမှ အဆင့်အတန်းမြင့်မြင့် ကစားနည်းတစ်ခုအဖြစ်ပြောင်းလဲထားတာပါပဲ။ Player နိုင်မလား ဒိုင်နိုင်မလား ကိုယ်ကဘာကိုမှမမြင်ရပဲ မျက်ကန်းလောင်းကြေးထည့်ရတယ်။ ဒါကလဲဒီကစားနည်းကို ပိုပြီးတော့ စိတ်ဝင်စားစေ၊ သည်းထိပ်ရင်ဖိုဖြစ်စေ၊ ခန့်မှန်းရခက်ခဲအောင် ဖြစ်စေတဲ့အဓိကအချက်ပါပဲ။ ကဒ်တွေကိုကိုင်ပြီးတော့ ဆွဲသင့်မဆွဲသင့် ပေါင်းခြင်း နုတ်ခြင်းတွေမပါတော့တာကြောင့် ဒီကစားနည်းက အဆင့်အတန်းမြင့်တဲ့ Casino ကစားသူတွေကြားမှာနာမည်ကြီးလျက်ပါ။

  • လက်တွေ့ကျကျပြောရမယ်ဆိုရင် ဖြစ်နိုင်ချေတွေက Banker ဘက်ကို ပိုမျက်နှာသာပေးတယ်ဆိုပေမယ့် သိပ်ပြီးသိသိသာသာကွဲပြားတဲ့အချက်မဟုတ်ပါဘူး။ Banker ဘက်မှာ 1.06% ရှိတယ်၊ Player ဘက်မှာ 1.24% ရှိပါတယ်။

အနိုင်အရှုံးမှတ်တမ်း မလွတ်ပါစေနဲ့ 

Casino တော်တော်များများမှာတော့ Baccarat ဆော့ပြီဆိုရင် အနိုင်အရှုံးတွေမှတ်ဖို့အတွက် ဇယားကွက်ချထားပြီးသာ စာရွက်/ ကဒ်ပြား လေးပေးလေ့ရှိပါတယ်။ တစ်ပွဲ နှစ်ပွဲလောက်ပဲ အပျော်​ဝင်ဆော့မယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် သေချာအထိုင်ချပြီးဆော့မယ်ဆိုရင်တော့ ဘယ်အိမ်ကဘယ်လိုနိုင်နေတယ်ဆိုတာကို မှတ်ထားဖို့လိုအပ်ပါတယ်။ ဒီမှတ်တမ်းကိုအခြေခံပြီးတော့မှ အနိုင်အရှုံး Pattern ကိုမြင်အောင်ကြည့်ပြီး အနိုင်ရဖို့အတွက် ကိုယ့်ရဲ့ ဘယ်ဘက်ပြီးရင် ဘယ်ဘက်ကိုလောင်းမယ်ဆိုတဲ့ Pattern ကိုဖန်တီးပြီး ကစားခြင်းက ရေရှည်ဆော့ဖို့အတွက် ပိုက်ဆံများများဝင်စေနိုင်ပါတယ်။

  • ကိုယ်က Banker ဘက်ကလောင်းလို့နိုင်လား Player ဘက်ကလောင်းလို့နိုင်လား.. နိုင်တဲ့အလှည့်ကို နိုင်တဲ့ဘက်မှာအမှန်ခြစ်လေး ခြစ်လိုက်ပါ။ 7 မှ 10 ပွဲလောက်ထိပြီးရင် အမှန်ခြစ် Pattern ကိုမြင်အောင်ပြန်ကြည့်ပါ။ Pattern ကိုကြည့်ပြီးရင် ကိုယ့်စိတ်ထဲဖြစ်လာတဲ့ ခံစားမှုနောက်ကိုလိုက်ပြီး လောင်းကြေးကိုသာတင်လိုက်ပါ။
  • အပျော်ကိုအဓိကထားပြီး အရှုံးနည်းချင်တယ်ဆိုရင်တော့ ကိုယ့်ကစားမယ့် ပိုက်ဆံစုစုပေါင်းရဲ့ အနည်းဆုံးကိုပဲလောင်းပြီးကစားပါ။

လောင်းကြေးကထွက်ပြေးတတ်တယ်

Baccarat ကို Smart ကျကျကစားဖို့က အတွက်အချက်တွေထက်စာရင် စိတ်ခံစားမှုကပိုအရေးကြီးပါတယ်။ Baccarat ကျွမ်းကျင်ကစားသမားကြီးတွေပြောခဲ့တဲ့ စကားတစ်ခုက ဘယ်တော့မှခြံမခုန်သင့်ပါဘူးတဲ့။ အထူးသဖြင့် Online Casino က Baccarat ကိုဆော့နေရင်ပေါ့။  Player ဘက်ကလောင်းပြီး Player ကဆက်နိုင်နေမယ်ဆိုရင် ဘယ်တော့မှဒိုင်ဘက်ကို ဖောက်ပြီးပြောင်းမလောင်းပါနဲ့။

အပေါ်မှာပြောခဲ့တဲ့ Pattern အပေါ်မှုတည်ပြီး အနိုင်များတဲ့ဘက်ကို တစိုက်မတ်မတ်လောင်းပါ။ Pattern ကိုလဲသေချာမမှတ်ပဲ လောင်းချင်တဲ့ဘက်ကို ဗြောက်သောက်ပြောင်းလောင်းနေမယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့်လဲ ကိုယ်မှတ်ထားတဲ့ Pattern ကပြောင်းလာပြီဆိုရင်လဲ Pattern အရလိုက်ပြီးပြောင်းဖိုတော့လိုပါတယ်။ ကစားပွဲရဲ့ Flow ကိုခံစားပြီး တစ်သားထဲကျအောင်နေရင်တော့ ကြာကြာကစားဖို့အတွက်အများကြီးအဆင်ပြေစေပါတယ်။

  • Baccarat ဆိုတာအများအားဖြင့်တော့ တစ်လှည့် နှစ်လှည့်ဆော့ပြီး တခြားကစားနည်းသွားပြောင်းဆော့ရတဲ့ ကစားနည်းမျိုးမဟုတ်ပါဘူး။ Baccarat ကသေချာကိုအကြာကြီး တစ်ဝိုင်းထဲမှာထိုင်ပြီး လောင်းကြေးတွေအများကြီးနဲ့ ကစားသူတွေပဲရှိတက်တဲ့ဝိုင်းဖြစ်ပါတယ်။
  • ဒါကြောင့်လဲ အလိုက်သိတဲ့ Casino တွေမှာဆို Baccarat ကစားဝိုင်းတွေကို တခြားကစားနည်းတွေရဲ့အလယ်မှာမထားပဲ ဘေးဘက် ဒါမှမဟုတ် သက်သက်ခွဲထုတ်ထားတက်ကြပါတယ်။ အကောင်းဆုံးကတော့ ကိုယ်လောင်းမယ့်ပမာဏ၊ အရှုံးခံနိုင်လောက်တဲ့ပိုက်ဆံပမာဏ တစ်ခုသတ်မှတ်ပြီးတော့ ကစားဝိုင်းတစ်ခုထဲမှာ နာရီပေါင်းများစွာမြှုပ်နှံလိုက်ဖို့ပါပဲ။

 ဝေခွဲမရရင် Banker ကိုလောင်းပါ

ပုံမှန်အားဖြင့်တော့ ကစားသူအသစ်တွေအတွက်အကောင်းဆုံး နည်းလမ်းက Banker ဘက်ကပဲ Banker မရှုံးသေးတဲ့အထိ ဆက်တိုက်လောင်းသွားဖို့ပါပဲ။

ကိုယ်ကိုယ်တိုင် ဖဲကိုင်ပြီးဝေနေတာမဟုတ်သော်ငြားလဲ ဖြစ်နိုင်ချေအရ Banker ဘက်ကလောင်းတာပိုပြီး အခွင့်အရေးရှိပါတယ်။

နံပါတ်တွေနဲ့ပတ်သက်ပြီး ၂ဖက်လုံးက ဖဲချပ်တွေကို ပြုပြင်ပိုင်ခွင့် လုပ်နိုင်တာဘာမှမရှိပေမယ့်လဲ ဖြစ်နိုင်စွမ်းအရ ဒိုင်ဘက်အနည်းငယ်ပိုသာလေ့ရှိပါတယ်။

ဘယ်လောက်ထိအရှုံးခံနိုင်လဲဆိုတာတွက်ပါ

Baccarat မှာပိုက်ဆံအတက်အကျက အရမ်းကိုမြန်ဆန်နိုင်ပါတယ်။ အဲ့တာကြောင့် ကိုယ်နိုင်နေတဲ့အချိန်မှာ အရမ်းပျော်ပြီး စိတ်မလျှော့ချလိုက်ပဲနဲ့ နိုင်နေတဲ့ ပမာဏနဲ့ဆိုရင် ဘယ်လောက်ထိအရှုံးခံနိုင်တယ်၊ ဘယ်လောက်ထိအမြတ်ကျန်ကိုကျန်ရမယ်ဆိုတာ တွက်ချက်ဖို့လိုပါတယ်။ ကံတရားပေါ်လုံးဝမှုတည်နေတဲ့ ဖဲရလဒ်တွေဖြစ်တဲ့အတွက် ကိုယ်နိုင်နေတဲ့အချိန်မှာ အနိုင်နဲ့ပိုင်းတက်ဖို့လိုပါတယ်။

  • ကစားဝိုင်းတွေမှာ အနည်းဆုံးလောင်းကြေး ဘယ်လောက်ရှိရမယ်ဆိုတာကို သတ်မှတ်ထားပြီးတော့ အဲ့အနည်းဆုံးလောင်းကြေးကလဲ မနည်းဘူးဆိုတာကိုလဲ စိတ်ထဲရှိဖို့လိုပါတယ်။ စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ့်ရဲ့ Pattern, ဗျူဟာ အာလုံးအဆင်ပြေပြီဆိုမှ လောင်းကြေးတွေကိုပစ်တင်လိုက်ပါ။

Comments