Backetball Betting


Betting လောကမှာ ဘောလုံးပွဲလောက် လူကြိုက်မများပေမယ့် ကမ္ဘာအနှံ့မှာ Bookmaker တွေရဲ့အကြိုက်ဖြစ်လာတဲ့ကစားနည်းကတော့ Basketball ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်တော့ Bettor တိုင်းသိတဲ့အတိုင်းပဲ ဘာလို့စိတ်လှုပ်ရှားဖို့ကောင်းတာလဲဆိုတာကိုသိဖို့အတွက် NBA ပွဲစဉ်တစ်ပွဲလောက်ပဲကြည့်လိုက်ရင် ရပါပြီ! ကိုယ် Betting တင်နေကြပုံစံ Top Level လောက်လိုက်မတင်ရင်တောင်မှပဲ Basketball မှာ Betting အတွက်ဘယ်လိုအခွင့်အရေးတွေရှိတယ်ဆိုတာမြင်လာမှာဖြစ်ပါတယ်။ 10 points လောက်ကွာတာနဲ့ အကြီးအကြီးကွာတာလို့ ခံစားရနိုင်ပါတယ်။ အရမ်းကိုကြည့်လို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အားကစားပွဲတစ်ခုဖြစ်တဲ့အပြင်ကို ဗျူဟာလေးတွေအသုံးပြုပြီးကစားလိုတဲ့ Bettor တွေအတွက် အမြတ်ရနိုင်တဲ့ Market တစ်ခုလဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထိပ်တန်း Basketball betting system 5 ခုနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

  1. ရှုံးနေသော်လဲ ကိုယ့်အကြိုက်အသင်းကိုအားပေးခြင်း

ကိုယ်က သစ္စာရှိတဲ့ အားကစားပရိသတ်တစ်ယောက်ဆိုရင် Betting အတွက်ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကိုယ်နှစ်သက်တဲ့ အသင်းကိုပဲဆက်ပြီးအားပေးတာမျိုး ကြုံတွေ့ရမှာပါ။ ပွဲရဲ့အခြေအနေကိုချက်ချင်းဆိုသလို ပြောင်းလဲနိုင်ဖို့အတွက် တစ်ကယ်တမ်းတော့ အာရုံစိုက်ပြီး ကစားမှုတစ်ခုပဲလိုတာပါ။ များသောအားဖြင့်တော့ နည်းပြက Motivate လုပ်ပေးပြီးတော့ ဗျူဟာသေချာချပေးပြီးတဲ့ ဒုတိယပိုင်းအစမှာ အဖြစ်များတာပေါ့။ ဒီနည်းလမ်းကလဲ Betting ဗျူဟာကောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ကိုယ့်အသင်းကရှုံးနေရင်တောင်မှပဲ ဒီလိုအခြေအနေမျိုးမှာ Betting တင်ကြပြီးတော့ ကောင်းလာမယ့် Odds အပေါ်ကိုကြိုပြီး ရင်းနှီးတာလို့တောင်ခေါ်ကြပါတယ်။ ဒါကလဲတစ်ကယ်တော့ Basketball ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေထဲက တစ်ခုပါပဲ။

  1. 4th quarter points total

ဒါကလဲနောက်ထပ် ရေပန်းစားတဲ့ ဗျူဟာတစ်ခုပါပဲ။ Bet မတင်လိုက်ခင်တစ်ခုသတိထားဖို့လိုတာက ဒီအားကစားနည်းနဲ့ပတ်သက်ပြီး Bookmaker တွေချထားတဲ့ စည်းမျဉ်းတွေကို အရင်လေ့လာဖို့ပါ။ တစ်ချို့ Bookmaker တွေက Fourth Quarter အနေနဲ့ အချိန်ပိုအတွင်းမှာသွင်းတဲ့ အမှတ်တွေကိုထည့်တွက်ပါတယ်။ ဒါကြောင့်ကိုယ်က သရေကျနေတဲ့ ကစားပွဲတစ်ခုကိုမြင်နေရပြီးတော့ ၂ဖွဲ့လုံးကလဲ Safe Point ကသိပ်မကွာခြားဘူးဆိုရင်တော့ Points Total ကို Betting တင်တာကောင်းပါတယ်။ အချိန်ပြည့်ခံနီးမှကပ်ပြီးသွင်းတဲ့ Free Thorws တွေကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်အနိုင်ရနိုင်တယ်လေ။ ဒါပေမယ့် ပွဲစဉ်ကအချိန်ပိုထပ်ပြီးရသွားရင်တော့ Point limit ကိုထပ်ကျော်ဖို့အတွက် 5 မိနစ်ထပ်ပေါင်းထည့်ရမှာပါ!

  1. Basketball လိုင်းများကိုအသုံးချခြင်း

သိသာတာကတော့ ပွဲစဉ်တွေကစားနေရင်း ခရီးသွားနေရတဲ့ အသင်းတစ်ခုက မကြာခဏတော့ အနားယူကြမှာပါပဲ။ သူတို့အတွက် ပြိုင်ဘက်အသင်းက သူတို့လောက် မကောင်းကြတဲ့ပွဲတွေမှာဆိုရင် ကစားသမားတွေအတွက်က ပျင်းစရာကောင်းနေတက်ကြပါတယ်။ ဒီလိုပွဲတွေမှာဆိုရင် ဒီအသင်းက အနိုင်ရဖို့အတွက်ကိုပဲ ကစားပြီးတော့ တစ်ဖက်အသင်းကို အသည်းအသန်ဖိပြီးကစားတာမျိုးလုပ်မှာမဟုတ်ပါဘူး။ ပြီးတော့ နည်းပြကလဲ အရံကစားသမားတွေကို ဒီလိုပွဲမျိုးမှာထုတ်သုံးချင်တာဖြစ်တဲ့အတွက် လူအလဲအလှယ် လုပ်နိုင်ပါတယ်။ ဆိုလိုတာက Euroleague ပွဲစဉ်တစ်ခုမှာဒီအကြောင်းအရာတွေကိုလိုက်ကြည့်နေတာကလဲ ကိုယ်ဘယ်လို market မျိုးကို Betting တင်သင့်လဲဆိုတာကို အဆုံးအဖြတ်အထောက်အကူပြုနိုင်ပါတယ်။

  1. အမှတ်နည်းတဲ့ League များ

Basketball League မှာပွဲအများစုက စုစုပေါင်း points 150 ရှိတတ်ကြပါတယ်။ 48 မိနစ် NBA ကစားပွဲတစ်ခုမှာဆိုရင် ပိုတောင်ကြီးပြီးတော့ points 200 ကိုမကြာခဏကျော်သွားတတ်ပါတယ်။ ဒါပေမယ့် Minor, Lower division, မိန်းကလေးပွဲစဉ်, လူငယ်ပွဲစဉ်တွေမှာဆိုရင်တော့ ကစားသမားရဲ့ သွင်းနိုင်တဲ့ စွမ်းရည်ကပိုနည်းတာမို့လို့ ပျှမ်းပျ Point total ကလဲ ထိုနည်းတူစွာပဲ နည်းမှာဖြစ်ပါတယ်။ Bookmaker တွေကမကြာခဏဆိုသလို သူတို့ရဲ့ Betting line တွေကို minor leagues တွေရဲ့ General Statistics တွေအပေါ်မှုတည်ပြီး ရေးဆွဲကြပါတယ်။ ဘာလို့လဲဆိုရင် Bettor အနေနဲ့ကြည့်ရင် ပြိုင်ဘက်ရဲ့ ပျမ်းမျှ Total Points နဲ့ယှဉ်ရင် အများကြီးဆိုတဲ့ပုံပေါက်တာကို…

  1. ပင်ပန်းခြင်းက အကျိုးသက်ရောက်စေပါတယ်

NBA ပုံမှန် season တစ်ခုက ကစားသမားတွေအတွက်ကို အရမ်းပင်ပန်းစေနိုင်ပါတယ်။ ရက် 180 လောက်အတွင်းမှာ ပွဲပေါင်း 82 ခုကစားရတာလေ။ တစ်ချို့ အဝေးကွင်းမှာသွားကစားရတဲ့ အသင်းတွေဆိုရင် ၂ရက်၊ ၃ရက်အတွင်းမှာပဲ တစ်ပွဲပြီးတစ်ပွဲကစားနေရတာပါ။ Basketball Betting အတွက် ဗျူဟာက အဝေးကွင်းမှာကစားရတဲ့ တတိယမြောက်ဆက်တိုက်ပွဲကို Favorite ရှင်းသွားပြီး၊ Underdog ကို Backing ပေးဖို့အတွက် စောင့်ဖို့လိုပါတယ်။ ဒီလိုဆိုရင် အိမ်ကွင်း အသာရပြီလို့ဆိုလိုတာပါ။ Beginner တွေအတွက် Backetball Betting ဆိုင်ရာသိထားသင့်သည့်အသုံးအနှုန်းများကိုလည်းဆက်ပြီးလေ့လာနိုင်ပါသေးတယ်။


Comments