Poker အသုံးအနှုန်းများ


စည်းမျဉ်းတွေနဲ့ အိမ်ကောင်းမကောင်း အပြင်ကို တစ်ကမ္ဘာလုံးကြိုက်နှစ်သက်ကြတဲ့ဒီ ပိုကာ ကစားနည်းမှာ အများကြီးရှိပါသေးတယ်  Poker ကိုအပြည့်အဝခံစားပြီး ကစားချင်ရင် သူ့ရဲ့ဘာသာစကားကိုတော့ သိထားသင့်တာပေါ့  ပိုကာ ကစားဝိုင်းတစ်ခုမှာ အသုံးပြုလေ့ရှိတဲ့ အသုံးအနှုန်းတွေ, Slang တွေအများကြီးရှိပါတယ်  ဒီလိုအသုံးအနှုန်းတွေက ကစားပွဲနဲ့နေရာအပေါ်မှုတည်ပြီး အများကြီးရှိတယ်ဆိုပေမယ့်လဲ ဒီနေ့မှာတော့ လုံးဝမသုံးမဖြစ် သုံးရမယ့် စကားလုံးတွေကို လေ့လာလိုက်ကြရအောင်! အကုန်လုံးကိုမှတ်မိမနေရင်တောင်မှ ကစားနေရင်း လာပြန်ဖတ်ပြီးတော့ သိလို့ရတာပေါ့ 

Poker အသုံးအနှုန်းများ

အသုံးအနှုန်းတွေကို တစ်စုတစ်စည်းထဲဖြစ်သွားအောင် English Alphabet အလိုက်ခွဲပြီး မိတ်ဆက်ပေးပါရစေ
A:Action – “ဒါဘယ်သူ့အလှည့်လဲ?” ကိုယ့်အလှည့်ဆိုရင် Fold, Bet ဒါမှမဟုတ် Check ကိုယ်တစ်ခုခုလုပ်ပေးရမှာပါ  ဒီကစားလုံးကိုပဲ Betting ကြေးတွေအများကြီးဖြစ်လာလို့ စိတ်လှုပ်ရှားဖို့ကောင်းလာတဲ့အခါမျိုးမှာလဲ “ဒီကစားပွဲမှာ Action တွေများလာပြီ”  လို့လဲ သုံးတတ်ကြပါတယ် 
Act – Fold(ရပ်), Raise(ထပ်တင်), Bet(လောင်း), Check(လောင်းကြေးမတင်ပဲဆက်) တစ်ခုခုကိုယ့်အလှည့်မှာ လုပ်ပေးရတာကိုဆိုလိုပါတယ် 
Active Player – Fold မလုပ်ထားပဲနဲ့ Pot အတွက်အကြုံးဝင်နေတဲ့ ကစားသူကို ဆိုလိုပါတယ် 
All in – ကစားသူတစ်ယောက်က သူ့မှာကျန်နေသမျှ Chip အကုန်လုံးကို လောင်းလိုက်ခြင်းကို ဆိုလိုပါတယ် 
AMC – ကိုယ့်မှာရှိတဲ့ Chip တွေအကုန်လုံး (All My Chip) ရဲ့အတိုကောက်ပါ 
Add-on – ကိုယ့်မှာလက်ရှိရှိနေတဲ့ လောင်းကြေး Chip တွေထဲကိုထပ်ပေါင်းထည့်တဲ့အခါ၊ ပြိုင်ပွဲတွေမှာဆိုရင် Chip ဝယ်ဖို့ရွေးချယ်မှု အနေနဲ့သုံးပါတယ် 

B :
Bankroll : ကစားသူက ကစားဖို့အတွက်ခွဲထားတဲ့ လောင်းကြေးပမာဏကို ခေါ်ပါတယ် 
Bad Beat : ပွဲအခြေအနေအရ ကစားသူက အနိုင်ရဖို့များနေပေမယ့်လဲ တခြားကစားသူတစ်ယောက်က ကပ်သီးလေးသာပြီး အနိုင်ရသွားတဲ့ အခြေအနေမျိုးကို Bad Beat လို့သုံးပါတယ် 
Benjamin – US Dollar 100 တန်ကို ကိုယ်စားပြုပါတယ် 
Behind – လက်ရှိ Act လုပ်နေတဲ့ ကစားသမားအလှည့်အပြီးမှာ ရောက်လာမယ့် ကစားသူကို ခေါ်ပါတယ် 
Big Slick – အပွင့်တူတဲ့ Ace နဲ့ King ၂ချပ်တွဲကို ဆိုလိုပါတယ် 
Big hand – ဖဲချပ်ပေါင်းစပ်မှုကောင်းနေတဲ့ အိမ်ကောင်းတစ်ခုကို ဆိုလိုပါတယ် 
Best of it – Odds တွေအရ အသာရနေတဲ့ ကစားသူကို ခေါ်ပါတယ် 
Bet – ကစားသူကတင်လိုက်တဲ့ လောင်းကြေးပမာဏကို ဆိုလိုပါတယ် 
Bluff – ကိုယ့်မှာအိမ်ကောင်းကောင်းရှိနေတဲ့ပုံမျိုးနဲ့ လောင်းကြေးတင်လိုက်တဲ့ လုပ်ဆောင်မှုကို ခေါ်ပါတယ် 
Boat – Full Complete house ရနေတဲ့အခါမျိုးကို ဆိုလိုပါတယ် 
B & M – Brick & Mortar ရဲ့အတိုကောက်အသုံးအနှုန်းဖြစ်ပါတယ် 
Busted – လောင်းကြေးလုံးဝကုန်သွားလို့ ထွက်လိုက်ရတဲ့အခါမျိုးမှာသုံးပါတယ် 
Button – ‘Dealer Button’ ကိုင်ထားတဲ့ကစားသမားကို ခေါ်ပါတယ် 
Buying the pot – ကိုယ့်မှာဖဲချပ်ကောင်းကောင်းမရှိပဲနဲ့ Bluff လုပ်ပြီးအနိုင်ရတဲ့အခါမျိုးကို ခေါ်ပါတယ် 

C :
Calling Station – Fold, Raise မလုပ်ပဲ Call လုပ်ပြီးပဲအဓိကကစားတဲ့ ကစားသူကိုခေါ်ပါတယ် 
Call – တခြားကစားသူကတင်ထားတဲ့ လောင်းကြေးပမာဏအတိုင်းလိုက်တင်ခြင်းကို ခေါ်ပါတယ်
Chasing – နောက်ထပ်တက်လာမယ့်ကဒ်က ကိုယ့်အိမ်ကိုကောင်းသွားစေမယ့် ကဒ်ဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ဆော့နေခြင်းကို ခေါ်ပါတယ်
Case card – ကဒ်အုပ်ထဲမှာရှိနေတဲ့ နောက်ဆုံးကဒ်ကို ဆိုလိုပါတယ်
Check – ကိုယ့်အလှည့်ရောက်နေပြီးတော့ တခြားကစားသူတွေကလဲ လောင်းကြေးတင်ထားတာမရှိ၊ ကိုယ်ကလဲ ထပ်မတင်ပဲဆက်ဆော့မယ့်အခါမျိုးမှာ အသုံးပြုပါတယ် 
Crying call – အနိုင်ရ၊ မရမသေချာပဲ အမြန် Call လုပ်လိုက်ခြင်းကို ဆိုလိုပါတယ် 
Cracked – အစပိုင်းတော့အနိုင်ရမယ့် အိမ်မျိုးကိုင်ထားပေမယ့် နောက်ဆုံးမှာရှုံးသွားတဲ့အခါမျိုးကို ဥပမာ – “ငါ့ Aces တွေ Crack သွားတယ်ကွာလို့” သုံးပါတယ် 
Check and raise – အစပိုင်းမှာတော့ လောင်းကြေးမတင်ပဲ Check လိုက်တယ်၊ ဒါပေမယ့် နောက်တစ်ယောက်အလှည့်မှာ လောင်းကြေးတင်လိုက်လို့ အမှီပြန်လိုက်တဲ့အခါမျိုးကို Check and Raise လို့ခေါ်ပါတယ် 

D:
Dead man hand – Black Ace နဲ့ Black Eight ရှိနေတဲ့အိမ်ကိုခေါ်ပါတယ်
Dealer – ကစားသူတွေစီကို ကဒ်ဝေပေးတဲ့ Casino အလုပ်သမား၊ “Dealer’s Button” ရှိတဲ့ကစားသူကိုလဲ ခေါ်ပါတယ် 
Dog – နိုင်ဖို့လုံးဝအလားအလာမရှိသူ 
Duck – Ace 2 ကဒ်တွဲရတဲ့အိမ် 
Deep stack – ကစားသူတွေအနေနဲ့ Chip ပြားပမာဏအများကြီးနဲ့စရတဲ့ ပြိုင်ပွဲမျိုးကိုခေါ်ပါတယ် 
Draw – အနိုင်ရတဲ့အိမ်အဖြစ်ပြောင်းဖို့အတွက် အပိုကဒ်ထပ်ဆွဲခြင်းကို ဆိုလိုပါတယ် 
Dominated – အိမ်ခြင်းယှဉ်လိုက်တဲ့အခါ ထပ်တူကျနေတဲ့ကဒ်တစ်ခုကြောင့် ရှုံးနေတဲ့အိမ်ကိုခေါ်ပါတယ်  ဥပမာ – AK အတွဲက A8 ကို Dominate လုပ်ထားတယ် 
Draw poker – ကစားသူအားလုံးသူတို့ရဲ့ကဒ်တွေကိုရသွားပြီးတော့ ကျန်နဲ့ Deck ကနေဝေလိုက်တဲ့ ကဒ်တွေကို တခြားကစားသူတွေနဲ့ လဲတဲ့အခါသုံးပါတယ် 

E:
Early position – ကစားပွဲအစမှာ Action လုပ်နိုင်တဲ့ ကစားသူ ၃ယောက်ထဲက တစ်ယောက်အပါဝင်ဖြစ်တဲ့အခါသုံးပါတယ် 
EV – မျှော်မှန်းထားတဲ့တန်ဖိုး “Expected Value” ရဲ့အတိုကောက်
Equity – An evaluation while playing at hand. When the pot is expected to have about $100 and you can have 60% chances of winning, you can say that you get $60 equity in the handကိုယ့်အိမ်အရ Pot ထဲကရနိုင်မယ့် ရာခိုင်နှုန်း  ဥပမာ Pot မှာ100 ရှိပြီးတော့ကိုယ့်အိမ်အရ 60 % ရမယ်ဆို 60$ Equity ရှိတယ်လို့ပြောလို့ရပါတယ် 
EP – ‘early position’ ရဲ့အတိုကောက်

F:
Face up – အားလုံးမြင်ရအောင် ကဒ်ကိုလှန်ပြလိုက်ခြင်း
Face down – တခြားကစားသူတွေမမြင်ရအောင် ကဒ်ကိုမှောက်ထားခြင်း
Favorite – Odds အရအနိုင်ရဖို့များတဲ့အိမ်
Fast play – Raise လုပ်ပြီး Bet တွေများများတင်ပြီး ခပ်မြန်မြန်ကစားတဲ့ ကစားပုံ
Flop – Dealer လှန်ပေးတဲ့ ပထမဆုံး Community card 3 ချပ်
Fish – ပိုက်ဆံဆုံးဖို့များတဲ့ အတွေ့အကြုံနည်းတဲ့ကစားသူ
Fold – ဆက်မကစားတော့ပဲ လက်ရှိ အိမ်ကိုရပ်လိုက်ခြင်း
Flush – ကဒ်တူ ၅ကဒ် Suite ရှိတဲ့အိမ်
Free card – Betting အလှည့်မှာဘယ်သူမှလောင်းကြေးမတင်ပဲ Check လုပ်တာကြောင့် အသစ်ကျလာတဲ့ Community Card
Full house – ကဒ် ၂ချပ်တွဲတစ်တွဲနဲ့အတူ အဲ့အတွဲနဲ့ Rank တူတဲ့ ကဒ် 3 ချပ်ရှိနေတဲ့အိမ်
Four of a kind -9999 လိုမျိုးကဒ်တူ ၄ချပ်ရှိနေတဲ့ အိမ်
FT – နောက်ဆုံးဝိုင်း “Final Table” ရဲ့အတိုကောက်
Flush – တန်ဖိုးတူကဒ် 5 ကဒ်ရှိနေတဲ့အိမ်

G:
GL – ‘good luck’
GG – ‘good game’
Guaranteed tournament – ကစားသူတွေအနေနဲ့ ဝင်ကြေးပေးရပြီးတော့ Prize pool နဲ့ကစားတဲ့ ပြိုင်ပွဲကိုဆိုလိုပါတယ်
Grinder – အကြာကြီးထိုင်ကစားပြီး Payout နည်းနည်းခြင်းစီ အများကြီးထိုင်စုနေတက်တဲ့ ကစားသူကိုခေါ်ခြင်း

H:
Hand – ကစားသူလက်ထဲမှာရှိနေတဲ့ ကဒ်ပေါင်းစပ်မှု “အိမ်”
Hole cards – တခြားကစားသူတွေမမြင်နိုင်တဲ့ ကစားသူတစ်ယောက်ကိုင်ထားတဲ့ ကဒ်
Hi-Lo – အနိမ့်ဆုံးအိမ်နဲ့အမြင့်ဆုံးအိမ်က Pot ကိုတစ်ယောက်တစ်ဝက်ခွဲယူရတဲ့ ကစားပွဲ
HE – “hold ‘em” လို့ဆိုလိုပါတယ်
Hit and run – Pot ကြီးကြီးအနိုင်ရပြီးပြီးခြင်း အနိုင်နဲ့ပိုင်းပြီး ဝိုင်းကထသွားတဲ့ ကစားသူ

I:
In front of – တခြားကစားသမားရဲ့ အရှေ့ကနေ Act လုပ်ရတဲ့ ကစားသူ
Isolate – အိမ်မကောင်းတဲ့ ကစားသမားတွေ Fold သွားအောင်လို့ လောင်းကြေးတင်လိုက်ခြင်း
ICM – ‘independent chip mode’ အတိုကောက်
In the dark – Community card 3 ကဒ်ကျမလာခင်ထဲက ကြိုပြီးလုပ်နေတဲ့ Action
Independent chip model – ပြိုင်ပွဲတွေမှာသုံးပါတယ်၊ သူတို့မှာပိုင်တဲ့ Chip အပေါ်မှုတည်ပြီး ကစားသူရဲ့ Equity ကိုတွက်ချက်တဲ့ Equation
ITM – ‘in the money’ ရဲ့အတိုကောက်

J:
Joker – Odds ကိုလုံးဝပြောင်းလဲသွားစေတဲ့ ကပ်သီးလေးရောက်လာတဲ့ကဒ်
Junk – ကဒ်မကောင်းတဲ့အိမ်
Jam – Pot အပေါ်မှာ Chip ပြားတွေထည့်ခြင်း

K:
Kicker – ကိုယ့်လက်ထဲမှာရှိတဲ့ Pairs, Triples တို့အနေနဲ့ အသုံးမပြုထားတဲ့ အမြင့်ကဒ်

L:
Laydown – Fold နဲ့အတူတူပါပဲ
Late position – ကစားပွဲတစ်ခုမှာ Act လုပ်ရတဲ့နောက်ဆုံး ကစားသမား ၃ယောက်
Limit – အမြင့်ဆုံးလောင်းနိုင်တဲ့ပမာဏ
Limp – Raise, Bet မလုပ်ပဲ မှီအောင်သာ Call လုပ်ခြင်း
Lock – လုံးဝအနိုင်မရနိုင်လောက်တော့တဲ့ အိမ်
Live one – ကြမ်းကြမ်းတမ်းတမ်း လောင်းကြေးတွေတင်သော်လဲ ရှုံးတဲ့ကစားသူ

M:
Maniac – Pot ကြီးလာရုံသက်သက်သာ ကဒ်ကောင်းကောင်းမကောင်းကောင်း လောင်းနေတဲ့ ကစားသူ
Made hand – ထပ်ဆွဲစရာတောင်မလိုတော့ပဲ အခြေအနေလုံးဝကောင်းနေတဲ့အိမ်
Middle position – Act လုပ်ရမယ့်အလယ်ကစားသူ ၃ဦး
Muck – ကဒ်အပုံထဲကို ကိုယ့်အိမ်ကိုပစ်ထည့်လိုက်ခြင်း
Monster – အနိုင်ရဖို့အခွင့်အရေးများတဲ့ အိမ်
MTT – multi-table tournament ရဲ့အတိုကောက်

N:
NL – no limit ရဲ့အတိုကောက်
No-limit – ဘယ်လောက်ထိပဲအများဆုံးလောင်းလို့ရတယ်ဆိုပြီး ကန့်သတ်ထားတာမရှိပဲ ကစားသူတွေက ကြိုက်သလောက်တင်လို့ရခြင်း
Nosebleed stakes – Stake အရမ်းများတဲ့ Poker ကစားပွဲ

O:
OESD – ‘open-ended straight draw’ ရဲ့အတိုကောက်
O8 – ‘Omaha Hi-Lo’ ရဲ့အတိုကောက်
OOP – ‘out of position’ ရဲ့အတိုကောက်
Overcard – ကဒ်တစ်ကဒ်ထက်ကို ပိုပြီးပါဝါရှိတဲ့ကဒ်

P:
Position – Dealer’s Button အရကစားသူတွေထိုင်တဲ့နေရာ အစဉ်
Pocket cards – ကစားသူတစ်ယောက်ရဲ့ Hole card များ
Plot – တစ်လှည့်နိုင်ခြင်းအတွက်ရတဲ့ ပိုက်ဆံပမာဏ
Pair – rank တူတဲ့ကဒ်၂ကဒ်တွဲ
Passive – Raise, Bet မလုပ်ပဲ၊ သာသာယာယာပဲ Check, Call လုပ်ပြီးကစားခြင်း
PLO – ‘pot-limit Omaha’ ရဲ့အတိုကောက်
PL – ‘pot limit’ ရဲ့အတိုကောက် 
PTR – ‘player to my right’ ရဲ့အတိုကောက်
PLO8 – ‘pot-limit Omaha Hi-Lo’ ရဲ့အတိုကောက်
PSB –  ‘pot-sized bet’ ရဲ့အတိုကောက်
PTL – ‘player to my left’ ရဲ့အတိုကောက်

R:
Raise – လက်ရှိအမြင့်ဆုံး လောင်းကြေးပမာဏထက် ထပ်တင်ခြင်း
Rag – ကိုယ့်အိမ်ကို Complete မဖြစ်စေတဲ့ တန်ဖိုးနိမ့်ကဒ်
Railbird – ကစားပွဲထဲက ကစားသူမဟုတ်ပဲ ဘေးကကြည့်အားပေးသူ
Read – ပြိုင်ဘက်ရဲ့ကဒ်နဲ့ သူ့အမှုအရာကိုကြည့်ပြီး ကဒ်ကောင်းရှိမရှိ ခန့်မှန်းခြင်း
Re-raise – ကိုယ်တင်လိုက်တဲ့ Raise ထက်ကျော်အောင်တင်တဲ့ ပြိုင်ဘက်ရဲ့ Raise ကိုပြန်ကျော်အောင် Raise ပြန်လုပ်ခြင်း
ROI – ‘return on investment’ ရဲ့အတိုကောက်
Royal flush – Poker မှာ Rank မြင့်တဲ့ကဒ်အတွဲ

S:
Set – Rank တူတဲ့ကဒ် ၃ကဒ်အတွဲ
Satellite tournament – အနိုင်ရခဲ့ရင် ပိုအဆင့်မြင့်တဲ့ကပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့်ရစေမယ့် ပွဲ
SH – ‘short-handed’ ရဲ့အတိုကောက်
Shove -All-in လောင်းကြေးတင်ဖို့သုံးတဲ့အသုံးအနှုန်း

T:
Three of a kind – ကဒ်တူ ၃ချပ်အတွဲ
Tell – ကိုယ့်ရဲ့ရွေးချယ်မှု၊ ဟန်ပန်အပေါ်မှုတည်ပြီး ကိုယ့်ကဒ်ကောင်းမကောင်းကို ပြိုင်ဘက်ကိုသိစေခြင်း
Tilt – သေချာမစဉ်စားပဲ စိတ်ခံစားမှုနောက်လိုက်ပြီးဆုံးဖြတ်ချက်ချခြင်း
Turn – ၄ချပ်မြောက် Community Card
Two pair – Pair ၂စုံရှိတဲ့အိမ်

U:
Under the gun – Community card တွေမဝေခင် Betting အရင်တင်ခွင့်ရတဲ့ ကစားသူ
Under the gun +1 – Community card တွေမဝေခင် Betting ဒုတိယတင်ခွင့်ရတဲ့ ကစားသူ

V:
Value bet – ကိုယ့်အိမ်ကဘာဖြစ်လာနိုင်လဲ မှန်းမရသေးပဲနဲ့ လောင်းကြေးတင်ခြင်း
VPIP – ‘voluntarily put in the pot’ ရဲ့အတိုကောက်

W:
Wheel –  high straight 5 ချပ်၊ ဥပမာ A2345
WSOP – ‘world series of poker’ ပြိုင်ပွဲရဲ့အတိုကောက်

Comments