ရှမ်းကိုးမီး ( Shan Koe Mee )ကို စနစ်ကျကျ ဘယ်လိုဆော့ရမလဲ?

ရှမ်းကိုးမီး ( Shan Koe Mee )ကို စနစ်ကျကျ ဘယ်လိုဆော့ရမလဲ?
မြန်မာရဲ့လူကြီးလူငယ်မရွေးနားလည်ပြီး လူဆော့အများဆုံးဖဲကစားနည်းဆိုရင် “ ရှမ်းကိုးမီး “ ကိုပြေးမြင်ကြမှာအမှန်ပါပဲ။ လောင်းကြေးနဲ့ပဲဖြစ်ဖြစ် အပျော်သဘောပဲဖြစ်ဖြစ် ကစားရတာ လွယ်ကူပြီးနားလည်ရလွယ်တာကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြင် အခြားအိမ်နီးချင်းနိုင်ငံတွေကပါ စိတ်ဝင်စားလာကြပါတယ်။ သို့သော်လည်း ရှမ်းကိုးမီးကိုကစားဖို့အတွက် တိကျတဲ့ Rule ဆိုပြီးသတ်မှတ်ထုတ်ပြန်ထားတာမရှိတဲ့အတွက် တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းပြီးဆော့ကစားလာတာ ကြာလာတဲ့အခါမှာတော့ စည်းမျဉ်းတွေကလဲ တဖြေးဖြေးသွေဖယ်ပြောင်းလဲလာသလို အသစ်တိုးလာတာတွေလဲရှိနေပါတယ်။ အဲ့တာကြောင့် ဒီနေ့မှာတော့ မြန်မာရဲ့အောင်မြင်ကျော်ကြားဆုံး ဖဲကစားနည်း ရှမ်းကိုးမီး ကိုစနစ်ကျကျဘယ်လိုဆော့ရမလဲဆိုတာ ရှင်းပြလိုက်ပါတယ်နော်။

ရှမ်းကိုးမီးကစားဖို့ ဘာတွေလိုလဲ?

  • ရှမ်းကိုးမီးကစားဖို့အတွက် ၅၂ချပ်ပါဝင်တဲ့ ဖဲအုပ်တစ်အုပ်လိုအပ်ပါတယ်
  • တကယ်တမ်းကစားနည်းကတော့ ကစားသူ ၃ ~ ၆ ယောက်က ဒိုင်တစ်ဦးနဲ့ယှဉ်ပြီးဆော့ရတာပါ
    ဒါပေမယ့်လဲတချို့အပျော်ဝိုင်းတွေမှာ လောင်းကြေးတစ်ခုသတ်မှတ်ပြီး အလယ်ပုံ သဘောနဲ့ အကြီးဆုံး တစ်ယောက်က အကုန်စားရတဲ့ ပုံစံဆော့ကြပါတယ်။ ဒီလိုကစားရင်တော့ ဒိုင်နဲ့ယှဉ်ဆော့တာမဟုတ်တော့ ဒိုင်တော့မပါဘူးပေါ့။ အဲ့လိုကစားတဲ့ပုံစံကလဲ တစ်ဖြေးဖြေးကျယ်ပြန့်လာပြီးအခုဆိုရင် ရှမ်းကိုးမီး”အလယ်ပုံ” ကစားနည်းလို့ခေါ်ကြပါတယ်။

ကစားနည်းလည်ပတ်ပုံ

ကစားပွဲရဲ့အစမှာ ဒိုင် (Dealer) က ကစားဝိုင်းရဲ့သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို “ဘဏ် (Bank)” ထဲထည့်ရပါတယ်။ ပွဲမပြီးမချင်း (သို့) မကုန်မချင်း ဘဏ်မှာထည့်ထားတဲ့ပိုက်ဆံကို ဒိုင်ကထပ်ပေါင်းခွင့် ထုတ်ယူခွင့်မရှိပဲနဲ့ အလျော်အစားမှန်သမျှကို ဘဏ်ထဲကလုပ်ရပါတယ်။ ဒါပေမယ့် အချို့ဝိုင်းတွေမှာဆိုရင် ဒိုင်ကဘဏ်ထဲကပိုက်ဆံတွေအကုန် တစ်လှည့်ထဲနဲ့ရှုံးသွားခဲ့ရင် ဘဏ်ထဲကပမာဏထက် ၂ဆ ထပ်ထည့်ပြီးဒိုင်ဆက်လုပ်ခွင့်ရှိပါတယ်။ ဒီနည်းကတော့ ၀ိုင်းအချို့မှာပဲတွေ့ရတာပါနော်။ သူ့ရဲ့ဘဏ်ထဲထည့်ထားတဲ့ ပမာဏက ၁၀၀၀ကျပ် ဆိုရင် ကစားသူတွေက အနည်းဆုံး ဘဏ်ပမာဏရဲ့ ၁၀% ကိုထည့်ရမှာဖြစ်တဲ့အတွက် ၁၀၀ အနိမ့်ဆုံးထည့်ကိုထည့်ရမှာပါ။ ဘဏ်ထဲမှာပိုက်ဆံမရှိတော့ဘူးဆိုရင် တော့ ဒိုင်ကိုနောက်တစ်ယောက်ပြောင်းရပြီးတော့ ဘဏ်ထဲကပိုက်ဆံသာ ၃ဆ ဖြစ်သွားခဲ့မယ်ဆိုရင် “Warning (၀မ်တိမ်)” ၃လှည့်ခေါ်ခွင့်ရှိသွားတာမို့ ဒိုင်ကသာ “Warning (၀မ်တိမ်)” ခေါ်လိုက်မယ်ဆိုရင် ၃လှည့်အပြီးမှာ ဒိုင်နောက်တစ်ယောက်ပြောင်းရပါတယ်။ ကျွန်တော်တို့ခေါ်နေကြကတော့ ပထမတိမ်၊ ဒုတိယတိမ်၊ နောက်ဆုံးတိမ် လို့ဆိုပေမယ့် ဒေသအလိုက်အခေါ်အဝေါ်တွေတော့ကွဲတာပေါ့။ နောက်ဆုံးတိမ်အပြီးမှာ ဘဏ်ထဲဘယ်လောက်ပဲကျန်ကျန် ဒိုင်ကအကုန်ရယူနိုင်တာပါ။

ရှမ်းကိုးမီး စည်းမျဉ်းများ

ကစားသူတိုင်း ဖဲချပ်၂ချပ်စီ ရမှာဖြစ်ပြီးတော့ ထပ်ဆွဲချင်ရင် နောက်ထပ်တစ်ကဒ်ပဲထပ်ဆွဲနိုင်ပါတယ်။
ဖဲဘယ်လိုတွက်ရလဲဆိုရင်တော့ ဖဲချပ်တန်ဖိုးတွေကိုပေါင်းပြီးတော့ အနောက်ပေါက်/ အနောက်ကိန်း ကိုကြည့်ရတာပါ။ ဒီနေရာမှာတော့ နံပါတ်မဟုတ်တဲ့ကတ်တွေရဲ့တန်ဖိုးတွေက
A = 1, K = 10, Q = 10, J = 10 ဆိုပြီးသတ်မှတ်တယ်။ (Joker ကိုတော့ ရှမ်းကိုးမီးမှာ ထည့်မဆော့ပါဘူး)
အဲ့တော့ ဥပမာ ဖဲချပ်ပေါင်းလို့ 17 ရတယ်ဆိုရင် “7”, 24 ရတယ်ဆိုရင် “4”, 32 ရတယ်ဆိုရင် “2” အဲ့လိုမျိုးအနောက် ကိန်းတွေကိုပဲယူရတာပါ။
အဲ့လိုမျိုး အနောက်ကိန်းကတူနေခဲ့မယ်ဆိုရင် အနိုင်အရှုံးကို ၂ချပ်သမားလား ၃ချပ်သမားလား အရင်ကြည့်ရတယ်။ ဥပမာ 7 ချင်းတူနေပေမယ့်လဲ ၂ချပ်ထဲနဲ့ 7 ရတဲ့သူက ၃ချပ်နဲ့ 7 ရတဲ့သူကိုနိုင်တယ်။
အဲ့မှာမှထပ်ပြီး အချပ်ရေလဲတူနေသေးတယ်ဆိုရင်တော့ ဖဲရဲ့ကိန်းတန်ဖိုးကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။
A ကအကြီးဆုံးဖြစ်ပြီးတော့ A, K, Q, J, 10, 9, ….., 2 ပြီးဖဲချပ်ရဲ့တန်ဖိုးကိုပြန်ကြည့်ရတယ်ဆိုတော့ ဥပမာ
4 + 3 = 7 သမားက 6 + A သမားကိုမနိုင်ဘူးဆိုတဲ့သဘောနဲ့ ဆက်ပြီးဆုံးဖြတ်တာပါ။ အဲ့မှာမှထပ်ပြီး အချပ်ရေရော ကိန်းတွေရော တူနေသေးမယ်ဆိုရင် အပွင့်ကိုကြည့်ရမယ့်အလှည့်ရောက်ပြီ။
အပွင့် ၄ ခုရှိတဲ့ထဲမှာ Spade ကအကြီးဆုံးဖြစ်ပြီးတော့ Spade(စပိတ်)၊ Heart(ဟက်)၊ Diamond(ဒေါင့်)၊ Club(ညှင်း) ဆိုပြီး Club ကအငယ်ဆုံးအနေနဲ့ကြည့်ရပါတယ်။
နောက်ပြီးတော့ ရှမ်းကိုးမီးမှာ ဖဲပွတ်ရတဲ့အဓိက Feeling ကဘာကြောင့်လဲဆိုရင် အပွင့်တူရင် ဆတိုးတွေရနိုင်တာမို့ပါ။ ဖဲ၂ချပ်မှာ အပွင့်တူ ၂ချပ် (ဥပမာ – ဒေါင့် + ဒေါင့်) ဆိုရင်ကိုယ့်လောင်းကြေးရဲ့ ၂ဆ၊ အပွင့်တူ ၃ချပ် (ဥပမာ – ဒေါင့် + ဒေါင့် + ဒေါင့်) ဆိုရင် လောင်းကြေးရဲ့ ၃ဆ ပြန်ရတာပါ။

ဒိုင်ရဲ့ဘေးကစပြီးတော့ လက်ယာရစ်/လက်ဝဲရစ် ( ဒါကတော့ကစားသူတွေရဲ့ နားလည်မှုနဲ့ဆုံးဖြတ်ပါတယ်) ပတ်ပြီးတော့ ကစားသူတစ်ဦးချင်းက ဆွဲမလားမဆွဲဘူးလား တစ်ယောက်တစ်လှည့်စီဆုံးဖြစ်ရတယ်။ ပြီးရင်တော့ဒိုင်က ကိုယ် Catch(ဖမ်း) ချင်တဲ့သူကိုပဲရွေးဖမ်းပြီး ကိုယ့်ဖဲနဲ့ယှဉ်ပြီးအလျော်အစားအရင်လုပ်လိုက်လို့ လဲရသလို ဆွဲပြီးတော့မှ ဖမ်းလဲရပါတယ်။
ဒီကစားနည်းမှာ ဖဲ၂ချပ်နဲ့ 8 (သို့) 9 ရမယ်ဆိုရင် “ဒို” လို့သတ်မှတ်ပြီးတော့ ပွဲမစခင်ထဲက ဒိုတယ်ဆိုပြီးလှန်ချလိုက်လို့ရတယ်။ ဒါပေမယ့် 8 ဒိုကို 9 ဒိုကနိုင်သလိုပဲ ဒိုအတူတူချင်းယှဉ်ရင်တောင် အပေါ်မှာရှင်းပြခဲ့သလိုပဲ ကဒ်ရဲ့တန်ဖိုးရယ် အပွင့်ရယ်ကိုကြည့်ပြီး အနိုင်အရှုံးဆုံးဖြတ်ရပါတယ်။
ရှမ်းကိုးမီးမှာ ကိန်းအရရော အပွင့်အရရောအကြီးဆုံး ၂ချပ်အတွဲက Spade A + Spade 8 ( စပိတ် A + စပိတ် 8) ပါ။
ဒီအတွဲကိုသာရမယ်ဆိုရင်တော့ အဲ့ဝိုင်းအတွက် ကိုယ်ကဘုရင်ပါပဲ!

ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ရှမ်းကိုးမီးကို ဘယ်မှာဆော့ရမလဲ?

ဖဲချပ်တွေကိုအသုံးပြုပြီး ကိုယ့်အသိတွေနဲ့ ပုံမှန်အတိုင်းသာဆော့မယ်ဆိုရင် ရပေမယ့်
ဆော့ဖို့အတွက်လူစုရတာ၊ တစ်ယောက်နဲ့တစ်ယောက် လောင်းကြေးပမာဏ သုံးချင်တဲ့နှုန်းမတူတာ၊ စည်းမျဉ်းနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလုပ်နေရတာ၊ ဖဲချပ်တွေကိုမွှေနှောက်တာ မကျွှမ်းရင်ဒီဖဲတွေပဲ အလှည့်တိုင်းကျနေမှာ၊ လက်မြန်ပြီးလည်တဲ့သူတွေက လိမ်လည်ဖဲဝှက်ပြီးဆော့မှာ သတိထားရတာတွေ ဒီလိုပြသနာတွေတွေတော့ ကြုံရတက်ပါတယ်။ ဒီပြသနာတွေကင်းဝေးပြီး ကိုယ့်လိုပျော်ပျော်ပါးပါး ဆော့ချင်တဲ့ စိတ်တူကိုယ်တူ သမားတွေနဲ့အတူတူဆော့ချင်ရင်တော့ Mobile ဖုန်းလေးတစ်လုံး (သို့) Computer လေးတစ်လုံးရှိရုံနဲ့ Online Casino Website တွေမှာအမှန်အကန်ဆော့နိုင်ပြီးတော့ အရင်းတွေအဆပေါင်းများစွာတိုးပွားနိုင်နေပြီနော်!
Online ကစားနည်းဖြစ်တဲ့အတွက် ဖဲမွှေရတာတွေ၊ စည်းမျဉ်းအငြင်းအခုန်လုပ်ရမှာတွေ လုံးဝလုံးဝကင်းဝေးပြီးတော့ ခလုပ်လေးတစ်ချပ်နှိပ်ရုံနဲ့တင် အားလုံးကိုလုပ်ဆောင်ပြီးသားဖြစ်သွားမှာပေါ့။ ပြီးတော့ စည်းမျဉ်းတွေမရှင်းလို့ပဲဖြစ်ဖြစ် မေ့သွားရင်ပဲဖြစ်ဖြစ် ခလုပ်တစ်ချက်အနှိပ်မှာပဲ တိကျတဲ့စည်းမျဉ်းတွေကို မြန်ဆန်စွာကြည့်နိုင်ပါသေးတယ်။

အဲ့ဒါကြောင့်ခေတ်နောက်ကျမနေပဲ မြန်မာနိုင်ငံအနှံ့က ကစားသမားတွေနဲ့အတူ အခုပဲရင်ဘောင်တန်းပြီးဆော့လိုက်ကြရအောင်!


Comments